သစ္စာစောင့် ဆုလက်ဆောင်အစီအစဉ်

MHMarkets ကို အသိအမှတ်ပြု၍ အစဉ်တစိုက် လက်တွဲအားပေးခဲ့ကြသော သုံးစွဲသူ မိတ်ဟောင်း၊ မိတ်သစ်များကို ကျေးဇူးဂါရဝ အထူးတင်အပ်သည့်အနေဖြင့် ကျွန်ုပ်တို့ MHMarkets မှ ယခု သစ္စာစောင့် ဆုလက်ဆောင်အစီအစဉ်အား စီစဉ်လိုက်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ (အသေးစိတ်အချက်အလက်ကို အောက်တွင် လေ့လာဖတ်ရှုနိုင်ပါသည်)

အစီအစဉ်ကာလ: (၂၀၂၃) ခုနှစ်၊ မေလ (၁) ရက် မှ (၂၀၂၃) ခုနှစ်၊ ဇွန်လ (၃၀) ရက်အထိ (ဆာဗာစံတော်ချိန်)

ဆုလက်ဆောင်စိစစ်ကာလ: (၂၀၂၃) ခုနှစ်၊ ဇွန်လ (၁) ရက် မှ (၂၀၂၃) ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်အထိ (ဆာဗာစံတော်ချိန်)

ဆုလက်ဆောင်ပေးအပ်ကာလ: (၂၀၂၃) ခုနှစ်၊ ဇူလိုင်လ (၁၆) ရက် မှ (၂၀၂၃) ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်အထိ (ဆာဗာစံတော်ချိန်)

ဆုလက်ဆောင်အတွက် အကျုံးဝင်သူများ: နိုင်ငံတကာရှိ MHMarkets သုံးစွဲသူ မိတ်ဟောင်း၊ မိတ်သစ်များအားလုံး

အစီအစဉ်ပါ အကြောင်းအရာ:

အစီအစဉ်ကာလအတွင်း $10,000 နှင့်အထက် Deposit ငွေသွင်းသူ သုံးစွဲသူကုန်သည်အားလုံးအနေဖြင့် ယခုအစီအစဉ်တွင် ပါဝင်ဆင်နွှဲနိုင်ပါသည်။ (ငွေသွင်းပြီးသည့်နေ့စွဲမှ ရက် ၃၀ အတွင်း ပြန်လည်ငွေထုတ်ယူခွင့်မရှိပါ)

ယခုအစီအစဉ်အတွက် ဆုလက်ဆောင်အား အခန်းကဏ္ဍ နှစ်ခုခွဲထားပြီး သတ်မှတ်စံနှုန်းများ ပြည့်မီသည့် သုံးစွဲသူများအနေဖြင့် ၎င်းတို့အခန်းကဏ္ဍနှစ်ခုအနက် ကြိုက်နှစ်သက်ရာလက်ဆောင်ကို ရွေးချယ်နိုင်ပါသည်။

ဆုလက်ဆောင် အခန်းကဏ္ဍ (၁) - တိုက်ရိုက် ဘောနပ်စ်အပိုဆုငွေလက်ဆောင်

Deposit ငွေသွင်းပမာဏ $10,000 ပြည့်ပြီး ကုန်သွယ်ရောင်းဝယ်မှုပမာဏ ≥ 50 lots ရောက်ရှိသည်နှင့်တစ်ပြိုင်နက် $200 အား ဆုလက်ဆောင်အဖြစ် ပေးအပ်သွားမည်ဖြစ်ပါသည်။ (ငွေသွင်းပြီးသည့်နေ့စွဲမှ ရက် ၃၀ အတွင်း ပြန်လည်ငွေထုတ်ယူခွင့်မရှိပါ)

သုံးစွဲသူတစ်ဦးလျှင် အများဆုံး (၅) ကြိမ်အထိ အပိုဆုငွေလက်ဆောင်ကို ထုတ်ယူနိုင်ပါသည်။

ဆုလက်ဆောင် အခန်းကဏ္ဍ (၂) - မဲနှိုက်အစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်ခြင်း

Deposit ငွေသွင်းပမာဏ $10,000 ပြည့်ပြီး ကုန်သွယ်ရောင်းဝယ်မှုပမာဏ ≥ 100 lots ရောက်ရှိသည်နှင့်တစ်ပြိုင်နက် တစ်ကြိမ် မဲနှိုက်ကံစမ်းခွင့် ရရှိမည်ဖြစ်ပါသည်။ (ငွေသွင်းပြီးသည့်နေ့စွဲမှ ရက် ၃၀ အတွင်း ပြန်လည်ငွေထုတ်ယူခွင့်မရှိပါ)

သုံးစွဲသူတစ်ဦးလျှင် အများဆုံး (၅) ကြိမ်အထိ မဲနှိုက်ကံစမ်းခွင့် ရရှိနိုင်ပါသည်။

  • Apple iPhone 14

    128Gဆုလက်ဆောင် အရေအတွက်: 5
  • HUAWEI MatePad Pro 11 inch

    8+128G WiFiဆုလက်ဆောင် အရေအတွက်: 10
  • 1000 RMB တန်ဖိုးရှိ JD-E စျေးဝယ်ခွင့်ကဒ်

    ဆုလက်ဆောင် အရေအတွက်: 100မဲပေါက်သူသည် တရုတ်လူမျိုးမဟုတ်ပါက ဆုလက်ဆောင်ကို $145 အစားထိုး ဖြစ်သွားပါမည်။
  • 500 RMB တန်ဖိုးရှိ JD-E စျေးဝယ်ခွင့်ကဒ်

    ဆုလက်ဆောင် အရေအတွက်: အကန့်အသတ်မဲ့မဲပေါက်သူသည် တရုတ်လူမျိုးမဟုတ်ပါက ဆုလက်ဆောင်ကို $75 အစားထိုး ဖြစ်သွားပါမည်။

အစီအစဉ် အသေးစိတ်အချက်အလက်များ

1.ဤအစီအစဉ်သည် STD/STP အကောင့်အမျိုးအစားများအတွက်သာ အကျုံးဝင်ပါသည်။

2.ဤအစီအစဉ်တွင် နိုင်ငံတကာရှိ MHMarkets သုံးစွဲသူ မိတ်ဟောင်း၊ မိတ်သစ်များအားလုံး ပါဝင်ဆင်နွှဲနိုင်ပြီး အစီအစဉ်ကာလအတွင်း သုံးစွဲသူတစ်ဦးလျှင် တစ်ကြိမ်သာ ပါဝင်ခွင့်ရှိပါသည်။

3.အကောင့်အချင်းချင်း ငွေလွှဲပြောင်းခြင်းအပါအဝင် ငွေသွင်း၊ ငွေထုတ်ခြင်းများအတွက် စိစစ်မှုသည် အစီအစဉ်သည် ပါဝင်နေသည့် သုံးစွဲသူအပေါ် မူတည်နေပြီး သုံးစွဲသူ၏ အမည်ပေါက်ဖြင့် ဖွင့်လှစ်ထားသော STD/STP အကောင့်များအားလုံးကို ကိုယ်စားပြုပါသည်။

4.ဤအစီအစဉ်ကို သွင်းငွေဘောနပ်စ် အပိုဆုငွေလက်ဆောင်နှင့် အေဂျင်စီအကူအညီဖြင့် ထပ်ဆင့်သွားနိုင်သော်လည်း တရားမဝင် ကုန်သွယ်ရောင်းဝယ်မှုများ (Second Order, Hedging, Delayed Arbitrage, Manipulate Quotation, အစရှိသဖြင့်) ကို တွေ့ရှိပါက သက်ဆိုင်ရာသုံးစွဲသူအား အစီအစဉ်တွင် ပါဝင်ဆင်နွှဲခွင့်အား ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။

5.ဘောနပ်စ် အပိုဆုငွေလက်ဆောင်များကို တိုက်ရိုက်လက်ခံသည်ဖြစ်စေ၊ သို့မဟုတ် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ဆင်နွှဲသည်ဖြစ်စေ၊ ဆုလက်ဆောင်ထုတ်ယူနိုင်သည့် အခန်းကဏ္ဍနှစ်မျိုးရှိပြီး သတ်မှတ်စံနှုန်းနှင့် ကိုက်ညီသည့် သုံးစွဲသူများအနေဖြင့် ၎င်းလက်ဆောင်များအနက် တစ်မျိုးကိုသာ ရွေးချယ်နိုင်ပါသည်။

6.ဤအစီအစဉ်နှင့် စပ်လျဉ်း၍ အငြင်းပွားစရာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့ပါက အစီအစဉ်ကို ပြန်လည်ပြင်ဆင်ခြင်း၊ ယာယီဆိုင်းငံ့ထားခြင်းနှင့် ဖျက်သိမ်းခြင်း အစရှိသည့် လုပ်ဆောင်ချက်များအားလုံးကို MHMarkets တွင် လုပ်ပိုင်ခွင့်ရှိပြီး၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့လျှင်လည်း MHMarkets ၏ နောက်ဆုံး ဆုံးဖြတ်ချက်သည်သာ တရားဝင်ဖြစ်ပါသည်။