(၂၀၂၃) ခုနှစ်၊ ဒုတိယသုံးလပတ် သွင်းငွေအပိုဆုလက်ဆောင် အစီအစဉ်

အစီအစဉ်ကာလ - (၂၀၂၃) ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ မှ (၂၀၂၃) ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ (ဆာဗာစံတော်ချိန်)

အစီအစဉ်တွင် အကျုံးဝင်သော ကုန်စည်များ - Forex နိုင်ငံခြားငွေကြေး၊ ကမ္ဘာ့ရွှေ၊ ငွေသတ္တု၊ ရေနံဆီ

စည်းမျဉ်းစည်းကမ်းများ -

ကုန်သွယ်အကောင့်တစ်ခုတွင် USD 250 ထက်ပိုသည့် ပမာဏအား ငွေသွင်းခဲ့ပါက သွင်းငွေအပိုဆုလက်ဆောင်အား ထုတ်ယူရန် လျှောက်ထားနိုင်ပါသည်။

သွင်းငွေအပိုဆုလက်ဆောင်အချိုးသည် သွင်းငွေပမာဏ၏ ၁၀% ဖြစ်ပါသည်။

ငွေသားအပိုဆုလက်ဆောင်ထုတ်ယူရန် လိုအပ်သည့် ကုန်သွယ်ရောင်းဝယ်မှု ပမာဏသည် အပိုဆုလက်ဆောင်ပမာဏ၏ ၂၅% ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များ -

1.သွင်းငွေအပိုဆုလက်ဆောင်သည် STD/STP/ECN အကောင့်အမျိုးအစားအားလုံးအတွက် အကျုံးဝင်ပြီး၊ ECN အကောင့်အမျိုးအစားများအတွက်မူ အပိုဆုလက်ဆောင်အချိုးသည် စံသတ်မှတ်ထားသည့် ဆုလက်ဆောင်အချိုး၏ ၂၅% သာဖြစ်ပါသည်။ လိုအပ်သည့် ကုန်သွယ်ရောင်းဝယ်မှုပမာဏ ကန့်သတ်ချက်အတွက် ပြောင်းလဲမှုတစ်စုံတစ်ရာမရှိပါ။

2.ဆုံးရှုံးမှုများကို သွင်းငွေအပိုဆုလက်ဆောင်မှ နုတ်ယူနိုင်ပြီး ကျန်ရှိသည့် အပိုဆုလက်ဆောင်အား ထုတ်ယူနိုင်ပါသည်။

3.သုံးစွဲသူမိတ်သစ်များသည် အကောင့်အသစ်စတင်ဖွင့်လှစ်သောလတွင် သွင်းငွေအပိုဆုလက်ဆောင်ရယူရန် လျှောက်ထားမည်ဆိုပါက $1,000 ထက်နည်းသောပမာဏအတွက် သွင်းငွေအပိုဆုလက်ဆောင်၏ ၂၀% အား ရရှိနိုင်သည် (ECN အကောင့်များအတွက် ထိုအချိုးမှ ရရှိသောပမာဏ၏ ၂၅% ကိုသာ တွက်ချက်သွားမည်)။ သွင်းငွေအပိုဆုလက်ဆောင်အား တစ်လလျှင် တစ်ကြိမ်တည်းသာလျှောက်ထားနိုင်ပြီး $5,000 အထိ အများဆုံးလျှောက်ထားနိုင်ပါသည်။

4.သုံးစွဲသူတစ်ဦးအတွက် တစ်လလျှင် သွင်းငွေအပိုဆုလက်ဆောင်အား တစ်ကြိမ်သာလျှောက်ထားနိုင်ပါသည်။ (အချို့သောထူးခြားသည့် အခြေအနေများအတွက် သုံးစွဲသူဝန်ဆောင်မှုဌာနသို့ အီးမေးလ်ဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။) ငွေသွင်းသည့်နေ့မှ ရုံးဖွင့်ရက် (၂) ရက်ကြိုတင်၍ သွင်းငွေအပိုဆုလက်ဆောင်အား ထုတ်ယူရန် လျှောက်ထားရမည်ဖြစ်ပါသည်။ (ငွေသွင်းသည့်ရက်စွဲတွင် များပြားသော သွင်းငွေ (Deposit) များကို ပေါင်းစည်း၍ လျှောက်ထားမှုတစ်ကြိမ်အဖြစ်သာ သတ်မှတ်ပါမည်။)

5.သွင်းငွေအပိုဆုလက်ဆောင်သည် နောက်ဆုံးအပိုဆုလက်ဆောင်ထုတ်ယူရန် လျှောက်ထားသည့်ရက်စွဲမှ ရက် (၆၀) အတွင်း အကျုံးဝင်ပြီး၊ ထိုသတ်မှတ်ရက်ထက် ကျော်လွန်သွားပြီး အပိုဆုလက်ဆောင်ထုတ်ယူရန် သတ်မှတ်စံနှုန်းနှင့် မပြည့်မီသော အပိုဆုလက်ဆောင်များကို အလိုအလျောက် ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

6.အကောင့်မှ သွင်းငွေအပိုဆုလက်ဆောင်ထုတ်ရန် လျှောက်ထားရာတွင် ကုန်သွယ်ရောင်းဝယ်မှုပမာဏသည် သတ်မှတ်ထားသည့် ဆုလက်ဆောင်ထုတ်ယူရန် လိုအပ်သောကုန်သွယ်ပမာဏစံနှုန်းနှင့် မပြည့်မီပါက သွင်းငွေအပိုဆုလက်ဆောင် ပမာဏအားလုံးကို ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

7.သုံးစွဲသူဘက်မှ သွင်းငွေအပိုဆုထုတ်ယူရန် လျှောက်ထားသည့်‌ ကုန်သွယ်အကောင့်တွင် မသမာနည်းလမ်းများဖြင့် (Instant Orders, Hedging, Delayed Arbitrage, Push Orders အစရှိသဖြင့်) ကုန်သွယ်ရောင်းဝယ်မှု ပြုလုပ်ခြင်းများတွေ့ရှိပါက ထိုကုန်သွယ်မှုများမှ ရရှိသော ဝင်ငွေအားလုံး (အကျိုးအမြတ်များ၊ ကော်မရှင်များ အစရှိသဖြင့်) နှင့် သွင်းငွေအပိုဆုလက်ဆောင်များကို ကုမ္ပဏီဘက်မှ ရုတ်သိမ်းသွားမည်ဖြစ်ပါသည်။

8.ယခုအစီအစဉ်၊ ဆက်စပ်စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အငြင်းပွားစရာများ ဖြစ်လာပါက အစီအစဉ်ကို ပြန်လည်ပြင်ဆင်ခြင်း၊ ဆိုင်းငံ့ထားခြင်း၊ ရပ်ဆိုင်းခြင်း အစရှိသည့် လုပ်ဆောင်ချက်များအားလုံးကို MHMarkets သည်သာ ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိပြီး၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက MHMarkets ၏ နောက်ဆုံး ဆုံးဖြတ်ချက်သည်သာ တရားဝင်ဖြစ်ပါသည်။