Meta Trader 4 ၏ ဖွံ့ဖြိုးတိုးတက်လာမှု
ငွေကြေးဆိုင်ရာ ကုန်သွယ် Software ကုမ္ပဏီတစ်ခုဖြစ်သည့် Meta Quotes မှ တည်ထောင်ခဲ့ပြီး၊ (၂၀၀၅) ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့ကာ Broker များနှင့် ဆက်စပ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကြားခံဝန်ဆောင်မှုများ ပေးအပ်နေသော ကုမ္ပဏီများအတွင် လိုင်စင်ချမှတ်ပေးခဲ့သည်။
Meta Trader 4 မပေါ်ပေါက်ခင် Meta Quotes ကုမ္ပဏီသည် တခြားသော ငွေကြေးဆိုင်ရာ ကုန်သွယ်ပစ္စည်းများဖြစ်သည့် FX Charts မှ Meta Quotes ပလက်ဖောင်းများကို ထုတ်လွှင့်ခဲ့သည်။ Meta Quotes ၏ ဝန်ဆောင်မှုကုန်စည်များအပေါ် စျေးကွက်တွင် စိတ်ဝင်စားမှုမြင့်တက်လာသည်နှင့်အမျှ ထို Meta Quotes ပလက်ဖောင်း၏ တတိယမြောက်မျိုးဆက်သစ်ဖြစ်သည့် Meta Trader 4 ကို အသွင်သဏ္ဍာန်အသစ်၊ ပရိုဂရမ်အသစ်များဖြင့် ဖန်တီးတည်ထောင်ခဲ့ပါသည်။ ၎င်းကို စတင်ထုတ်လွှင့်ချိန်မှစ၍ Meta Trader 4 သည် ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံတကာ အွန်လိုင်းကုန်စည်ရောင်းဝယ်သူများနှင့် Broker ဝန်ဆောင်မှုကုမ္ပဏီများ၏ အထူးနှစ်သက်ရွေးချယ်မှုကို ရရှိခဲ့ပြီး ကုန်သွယ်ပလက်ဖောင်းများတွင် ခေတ်ရှေ့ပြေး အောင်မြင်ကျော်ကြားခဲ့ပါသည်။