MT5 ၏ ဖွံ့ဖြိုးတိုးတက်လာမှု
အကောင်းဆုံးသော အရောင်းအဝယ်များသည် အဆင်ပြေချောမွေ့ပြီး အဆင့်မြင့်သော Tools များမှ စတင်ပြီး၊ Meta Quotes Software ကုမ္ပဏီသည် အမျိုးမျိုးသော ကုန်သည်အားလုံးအတွက် ရည်ရွယ်၍ အားပြင်းသည့် ကုန်သွယ်ပလက်ဖောင်းဖြစ်သည့် Meta Trader 5 အား မိတ်ဆက်ပေးလိုက်ပါသည်။
ကုန်သွယ် Software တည်ဆောက်သည့် ကုမ္ပဏီမှ (၂၀၁၀) ခုနှစ်တွင် ထုတ်လွှင့်ခဲ့ပြီး MT5 သည် ကုန်သည်များ၊ Broker များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် Broker ကြားခံဝန်ဆောင်မှုပေးနေသူများအကြား လျင်မြန်စွာ ရေပန်းစားလာခဲ့သည်။
MT4 ၏ အောင်မြင်မှုမှာ လွန်စွာကြီးမားခဲ့ပြီး၊ မျိုးဆက်သစ် နယ်ပယ်စုံပလက်ဖောင်းတစ်ခုဖြစ်သည့် MT5 သည်လည်း ငွေကြေးရောင်းဝယ်မှုတွင်သာမက future Market အပါအဝင် စျေးကွက်အားလုံးနီးပါးတွင် ကုန်သွယ်ရောင်းဝယ်နိုင်ရန်နှင့် ကုန်သည်တိုင်း၏ မတူညီသော လိုအပ်ချက်များ ပြည့်မီစေရန် ကူညီပေးနိုင်ပါသည်။