စည်းမျဉ်းများနဲ့အခြေအနေများ

MHM မှလက်မခံသော Trading Methods

MHMarkets 2022-09-01

နေ့စွဲ။ ။ (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့

သုံးစွဲသူမိတ်ဆွေ/ ကုန်သည်များခင်ဗျာ။

နိုင်ငံခြားငွေကြေးနှင့် အဖိုးတန်သတ္တုများကို ကုန်သွယ်ရောင်းဝယ်ရာတွင် များပြားသော အကျိုးအမြတ်များ သို့မဟုတ် ဆုံးရှုံးမှုများ ကြုံတွေ့နိုင်ခြင်းကဲ့သို့ ကြီးမားသည့် စွန့်စားမှုအန္တရာယ်များ ရှိနေနိုင်သောကြောင့် ကုန်သည်များအားလုံးနှင့် ကိုက်ညီမှု မရှိနေနိုင်ပါ။ သို့ဖြစ်ပါ၍ ကုန်သည်များအနေဖြင့် ကုန်သွယ်ရောင်းဝယ်မှုတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ချက်များ မချမှတ်မီ ကုန်သွယ်ရောင်းဝယ်မှုရည်ရွယ်ချက်များ၊ ကျွမ်းကျင်တတ်မြောက်မှုအဆင့်နှင့် ခံနိုင်ရည်ရှိသော စွန့်စားမှုအန္တရာယ်များကို ဦးစွာ ဂရုပြု၍ သုံးသပ်ထားသင့်ပါသည်။ ကုန်သွယ်ရောင်းဝယ်ရာတွင် လူကြီးမင်း၏ ကနဦး ရင်းနှီးမြှုပ်နှံမှုများအနက် ပမာဏအနည်းငယ် သို့မဟုတ် ပမာဏအားလုံး ဆုံးရှုံးနိုင်ခြေရှိသောကြောင့် ခံနိုင်ရည်မရှိသော ငွေကြေးပမာဏအား ကုန်သွယ်ရောင်းဝယ်ခြင်း မပြုလုပ်သင့်ပါ။ ထို့အပြင် ကုန်သည်များအနေဖြင့် ကုန်သွယ်ရောင်းဝယ်မှုနှင့် ဆက်စပ်၍ နောက်ဆက်တွဲစွန့်စားမှုအန္တရာယ်များအားလုံးကို ကြိုတင်သိရှိထားသင့်ရန် လိုအပ်ပြီး မေးခွန်းတစ်စုံတစ်ရာရှိပါက အမှီအခိုကင်းမဲ့သော ဘဏ္ဍာရေးရာအကြံပေးပညာရှင်တစ်ဦးထံမှ အကြံဉာဏ်များ တောင်းခံထားသင့်ပါသည်။ ယေဘုယျအားဖြင့် ကုန်သည်များအနေဖြင့် ကုန်သည်ရောင်းဝယ်မှုပြုလုပ်ရာတွင် စွန့်စားမှုအန္တရာယ်ကို ပိုတိုးမြှင့်စေနိုင်သည့် သတ်မှတ်စံနှုန်းများနှင့် မကိုက်ညီသော၊ သမားရိုးကျမဟုတ်သော ကုန်သွယ်နည်းလမ်းများကို အသုံးပြုရန် အကြံမပြုလိုပါ။ ထို့ကြောင့် ကျွန်ုပ်တို့ MHMarkets ကုမ္ပဏီမှ ကုန်သည်များ၏ ရင်းနှီးမြှုပ်နှံမှုများအား ကာကွယ်ရန်အလို့ငှာ ကုန်သွယ်ပလက်ဖောင်းများ၏ လစ်ဟာမှုများကို အသုံးချထားသည့် သမားရိုးကျမဟုတ်သော မည်သည့်ကုန်သွယ်နည်းလမ်းကိုမဆို လက်သင့်ခံမည်မဟုတ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

သုံးစွဲသူကုန်သည်များအား သမားရိုးကျမဟုတ်သော ကုန်သွယ်ရောင်းဝယ်မှုများ ပြုလုပ်ခြင်းမှ တားမြစ်ပိတ်ပင်ထားပါသည်။ ကုန်သည်၏ ကုန်သွယ်ရောင်းဝယ်မှုများတွင် သမားရိုးကျမဟုတ်သည့် နည်းလမ်းများအသုံးပြုခြင်း တွေ့ရှိပါက ကျွန်ုပ်တို့ MHMarkets ကုမ္ပဏီမှ လျော်ညီသည့် အရေးယူတုံ့ပြန်မှုများ ဆောင်ရွက်ပိုင်ခွင့် အပြည့်အဝရှိကြောင်း အသိပေးအပ်ပါသည်။ သမားရိုးကျမဟုတ်သော ကုန်သွယ်ရောင်းဝယ်မှုအား ရည်ညွှန်းရာတွင် ကိုးကားမှုနည်းလမ်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည် -

၁။ Hedging – trade

၂။ Liquidation မှ အကျိုးအမြတ်ရယူခြင်း

၃။ အချိန်ကွာဟမှု အနည်းငယ်အတွင်း orderများ ဆက်တိုက်တင်ခြင်း (order တစ်ကြောင်းဖွင့်ပီး ချိန်မှစ၍ ၎င်း order ပြန်ပိတ်ချိန်သည် အနည်းဆုံး ၃ မိနစ် ဖြစ်ရမည်)

၄။ ကုန်သွယ်မှုရပ်တန့်သည့်အချိန် (Quote ရပ်သည့် အချိန်)တွင် Platform နှစ်ခုအကြားတွင် စောင့်ဆိုင်းကုန်သွယ်အော်ဒါများကို Arbitrage အရောင်းအဝယ်ပြုလုပ်ခြင်း

၅။ ကုန်သွယ်မှုပလက်ဖောင်း တွင် ဈေးကွက် manipulate လုပ်ခြင်းဖြင့် Arbitrage အရောင်းအဝယ်လုပ်ခြင်း

၆။ Swap Fee Hedging ဖြင့် Arbitrage အရောင်းအဝယ်လုပ်ခြင်း

၇။ Hedging ဖြင့် ဘောနပ်စ်( credit bonus )များ ရယူခြင်း

၈။ ကုန်သွယ်ပလက်ဖောင်းတွင် Quote ရပ်တန့် ချိန်တွင် ကုန်သွယ်အော်ဒါတင်ခြင်းနည်းလမ်းဖြင့် Arbitrage အရောင်းအဝယ်လုပ်ခြင်း

၉။ ကုန်သွယ်ပလက်ဖောင်းအား လစ်ဟာမှုဖြစ်စေသည့် အခြားကုန်သွယ်မှုနည်းလမ်းများ ဖြင့် Arbitrage အရောင်းအဝယ်လုပ်ခြင်း

 

အရေးကြီးဒေတာထုတ်ပြန်ခြင်းကဲ့သို့ ကမ္ဘာ့စျေးကွက်လှုပ်ခတ်မှု ပြင်းထန်သောကာလများတွင် ကုန်စည်စျေးနှုန်းများသည် တည်ငြိမ်မှုမရှိသောကြောင့် ကုန်သည်များအနေဖြင့် ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ရန် စျေးနှုန်းသတ်မှတ်ပြီးနောက် တင်လိုက်သော ကုန်သွယ်အော်ဒါများနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ MHMarkets မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ ထိုနည်းတူစွာ ကမ္ဘာ့စျေးကွက်အတွင်း ရောင်းစျေးဝယ်စျေးအကြား ကွာဟမှု (Spread) များနေစဉ် ကာလများတွင် ကုန်စည်စျေးနှုန်း တိမ်းစောင်းမှုများရှိနိုင်သည်။ ရှားပါးသည့်ဖြစ်စဉ်များတွင်မူ MHMarkets ၏ ပလက်ဖောင်းအတွင်း ကုန်စည်စျေးနှုန်းများသည် စျေးကွက်နှင့် ကွာဟနေနိုင်သော်လည်း ကမ္ဘာ့စျေးကွက်များ၏ ကွာဟမှုများကဲ့သို့ ပမာဏကြီးမားမည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ တရားဥပဒေနှင့်မညီသည့် အကျိုးအမြတ်များ ရယူရန်အတွက် နိုင်ငံခြားငွေကြေးရောင်းဝယ်ရာတွင် ထိုသမားရိုးကျမဟုတ်သော ကုန်သွယ်နည်းလမ်းများကို အသုံးပြုလေ့ရှိကြသည်။ ကုန်သွယ်အရောင်းအော်ဒါများမတင်ခင် သို့မဟုတ် အော်ဒါများအား Lock ချပြီး ထပ်မံအော်ဒါတင်ခြင်းသည် ကုန်သွယ်ပလက်ဖောင်းနှင့် ကမ္ဘာ့စျေးကွက် ကုန်စည်တန်ဖိုးများအကြား လစ်ဟာမှုများကို အသုံးချလေ့ရှိသည့် ကုန်သည်များ၏ ကုန်သွယ်နည်းလမ်းများဖြစ်ကြပြီး စျေးကွက်သည်လည်း အကျိုးအမြတ်များကို အလွယ်တကူရှာယူနိုင်သည့် AB Position များ ဖြစ်လာကြသည်။ ၎င်းကုန်သွယ်ရောင်းဝယ်မှုလစ်ဟာချက်များကို အသုံးချခြင်းသည် သမားရိုးကျ ကုန်သွယ်ရောင်းဝယ်မှုစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး တရားဥပဒေနှင့်မညီညွတ်သည့် အကျိုးအမြတ်ရှာခြင်းဟု သတ်မှတ်သည်။ ဤသို့ရောင်းစျေးဝယ်စျေးကြား ကွာဟချက်ကို အသုံးချသည့် အရေးကြီးဒေတာတွင် ထွက်ပေါ်လာသည့် အချို့ကုန်သည်များသည် သုံးစွဲသူများကြား တိုက်ရိုက်ဆုံးရှုံးမှုများကို ကာကွယ်မည့် ငွေလွှဲပြောင်းရောင်းဝယ်မှုများကို ပိုမိုခက်ခဲစေသည်။ ကုန်သည်အများစုများကို ထိုကဲ့သို့ တိုက်ရိုက်ငွေလွှဲပြောင်းရောင်းဝယ်မှုများ ပြုလုပ်ခြင်းမှ တင်းကြပ်စွာတားမြစ်ပိတ်ပင်ထားပါသည်။ ကမ္ဘာ့စျေးကွက် ကုန်သွယ်ရောင်းဝယ်မှုလေ့ကျင့်မှုများအရ ထိုကဲ့သို့ ငွေလွှဲပြောင်းရောင်းဝယ်မှုများမှ အကျိုးအမြတ်များကို ဖြတ်တောက်မည့်အပြင် ကုန်သွယ်အကောင့်ပိတ်ခြင်းနှင့် ဘဏ္ဍာရေးစျေးကွက်များအပေါ် ၎င်းတို့၏ ကုန်သွယ်ရောင်းဝယ်မှုနည်းလမ်းများမှ သက်ရောက်စေမှုများအတွက် တာဝန်ခံဖြေရှင်းရမည်ဖြစ်သည်။ AB Positions များအား အရေးကြီးဆုံးဖြတ်မှုများ ဆောင်ရွက်ရာတွင် အခြေခံပေါင်းစပ်နိယာမများကို လိုက်နာသွားမည်ဖြစ်သည်။ (အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့ MHMarkets ၏ တရားဝင်ဝက်ဘ်ဆိုဒ်ရှိ သုံးစွဲသူငွေကြေးလွှဲပြောင်းရောင်းဝယ်မှု တားမြစ်ဥပဒေများ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

 

MHMarkets

စွန့်စားမှုအန္တရာယ်သတိပေးချက် - နိုင်ငံခြားငွေကြေးနှင့် အခြားကုန်စည်များကို ကုန်သွယ်ရောင်းဝယ်ရာတွင် ကြီးမားသည့် စွန့်စားမှုအန္တရာယ်ရှိသည့်အတွက် ကုန်သည်များအတွက် ကိုက်ညီမှုမရှိနေနိုင်ပါ။ ဆုံးရှုံးများသည် ကနဦးရင်းနှီးမြှုပ်နှံမှုထက် ကျော်လွန်နိုင်သောကြောင့် ကုန်သည်များအနေဖြင့် ထိုစွန့်စားမှုအန္တရာယ်များအကြောင်း သေချာစွာသိရှိနားလည်ပြီး၊ မိမိ၏ ခံနိုင်ရည်ရှိမှုကို စနစ်တကျ စီမံခန့်ခွဲရမည့်အပြင် လိုအပ်ပါက အမှီအခိုကင်းမဲ့သော ဘဏ္ဍာရေးရာအကြံပေးပညာရှင်တစ်ဦးထံမှ အကြံဉာဏ်တောင်းခံနိုင်ပါသည်။